လုပ်ငန်းဆောင်ရွက်ချက်

ကျန်ုပ်တို့သည် နယ်စည်းမခြားကူညီစောင့်ရှောက်ရေးအဖွဲ့အစည်းတွင် ပညာရေး၊ လူငယ် လူရွယ်၊ ကျန်းမာရေးများကာကွယ်စောင့်ရှောက်ရေး နှင့် လူစုရပ်ကွက်/စွမ်းရည် မြှင့် တင်ရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲနိုင်ရေးအတွက် ဆင်းရဲဒုက္ခမှု၊ ခွဲခြားဆက်ဆံ မှု နှင့် အကြမ်းဖက်မှုများ၏ အရင်းအမြစ်များကိုရင်ဆိုင်တိုက်ဖျက်လျှက်ရှိသည်။ ကျွန်ုပ်တို့သည် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် လုပ်ငန်းများဆောင်ရွက်ပြီး ကလေးများ၊ လူငယ်လူရွယ်များ နှင့် ၎င်းတို့၏အသိုင်းအဝိုင်းများကို အနာဂါတ်ပိုမို ကောင်းမွန်စေရေးအတွက် အခွင့်အလမ်းများပေးလျှက်ရှိသည်။ ကျွန်ုပ်တို့၏သမိုင်းဝင်သောအောင်မြင်မှုအတွေ့အကြုံများနှင့် ခိုင်မာသော ကျွန်ုပ်တို့ ၏လုပ်ဖော်ကိုင်ဖက်များ၏ကွန်ယက်များကိုလည်းကျေးဇူးတင်ရှိပြီး ဝေးလံသည့် ကျေးလက်ဒေသများတွင်လည်း ကျွန်ုပ်တို့ရောက်ရှိနိုင်သည်။ ကျွန်ုပ်တို့၏အချို့သော လုပ်ငန်းစီမံကိန်းများကိုပြန်လည်သုံးသပ်ရန် အောက်ပါအတိုင်းဖော်ပြထားပါသည်။