ကလေးများကာကွယ်စောင့်ရှောက်ရေး

နယ်စည်းမခြားကူညီစောင့်ရှောက်ရေးအဖွဲ့သည် ကလေးများ၏လူမှုဘဝဖူလုံရေးအတွက် ကူညီစောင့်ရှောက်ရန် ကလေးများအားထိခိုက်စေမည့်အရာများကို အသိပညာများ မြှင့်တင်ပေးရန်ဂတိသစ္စာပြုထားသည်။ ကလေးကူညီစောင့်ရှောက်ရေးမူဝါဒသည် အပြည်ပြည်ဆိုင်ရာကလေးများကာကွယ်စောင့်ရှောက်ရေးစံနှုန်းများကိုလက်ခံဆောင်ရွက်ပြီး HwF ၏ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ လုပ်ဖော်ကိုင်ဖက်များ၊ လာရောက် လည်ပတ်သူများ (သို့) အလှူရှင်များအားလုံးတို့နဲ့အကြုံးဝင်သလို ဓါတ်ပုံဆရာများ၊ သတင်းထောက်များ နှင့် မီဒီယာများနဲ့လည်း ကလေးများနဲ့အတူ ဒါရိုက်ဝင်ရောက် ပတ်သက်သော်လည်းကောင်း၊ သွယ်ဝိုက်ပြီးဆက်သွယ်သော်လည်းကောင်း အားလုံး အကြုံးဝင်သည်။

ကလေးများကာကွယ်စောင့်ရှောက်ရေးမူဝါဒသည် တိကျသော လိုက်နာရမည့် ကျင့်ဝတ်များပါဝင်ပြီး အသက်အရွယ်၊ မသန်မစွမ်းခြင်း၊ ကျား/မ၊ အသားအရောင် (သို့) မူရင်းတိုင်းရင်းသား၊ ယုံကြည်ကိုးကွယ်သည့်ဘာသာ၊ လိင်ပိုင်း ဆိုင်ရာ ထင်ရှားချက်များကို ပဓာနမထားဘဲ ကလေးတစ်ဦးစီ နှင့် ကလေးအားလုံး၏ ဂုဏ်သိက္ခာများကို ထိခိုက်နစ်နာမှု (သို့) အလွဲသုံးစားမှုများမှ လွတ်ကင်းရန် ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်သည်။ 

ကလေးညှဉ်းပန်းနှိပ်စက်မှုသည် အောက်ပါအကြောင်းအရာများပါဝင်သည် -

  • ကိုယ်ခန္ဓာ ဒဏ်ရာရခြင်း- ကလေးတစ်ဦးအား ရိုက်ခြင်း၊ ချောက်ခြားခြင်း၊ အဆိပ်ခတ်ခြင်း၊ အရေပြားလောင်စေခြင်း (သို့) ရေနွေးနဲ့လောင်းခြင်း၊ ရေနစ်စေခြင်း၊ အသက်မွန်းကျပ်စေခြင်း (သို့) တစ်နည်းအားဖြင့် ကိုယ်ခန္ဓာထိခိုက်စေခြင်း (သို့) နေမကောင်းစေခြင်းများပါဝင်သည်။ 

  • လျစ်လျူရှုခြင်း - ကလေးတစ်ဦး၏ ကိုယ်ခန္ဓာ နှင့် / (သို့) စိတ်ပိုင်းဆိုင်ရာ အခြေခံလိုအပ်ချက်များဖြည့်စွက်ရန် မကြာခဏ ပျက်ကွက်ခြင်းကြောင့် ကလေးတစ်ဦး ၏ ကျန်းမာရေး (သို့) ဖွံ့ဖြိုးတိုးတက်မှုကို ဆိုးဝါသောထိခိုက်နစ်နာမှုဖြစ်ပေါ်စေခြင်း များဖြစ်သည်။

  • စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်ခြင်း - မကြာခဏ သို့ ကလေးတစ်ဦး၏စိတ်ပိုင်း ဆိုင်ရာ နှိပ်စက်ခြင်းသည် ၎င်းတို့၏ဖွံ့ဖြိုးတိုးတက်မှုကို ဆိုးဆိုးရွားရွားထိခိုက်စေသည်။ 

  • လိင်ပိုင်းဆိုင်ရာချိုးဖောက်မှု - ကလေးတစ်ဦး နှင့် အရွယ်ရောက်သူတစ်ဦး (သို့) အခြားကလေးတစ်ဦး အသက်အရွယ်ဖြင့် သို့မဟုတ် ဖွံ့ဖြိုးမှုသည် ပေါင်းသင်းဆက်ဆံ ရေးတွင် တာဝန်ယူရသူ၊ ယုံကြည်ရသူတစ်ဦးဖြစ်စေ (သို့) အားအင်သုံးခြင်း (သို့) ကလေးများအား လိင်ပိုင်းဆိုင်ရာအပြုအမူများကို ပါဝင်ပတ်သက်ရန် အားပေးအား မြောက်ပြုခြင်းများပါဝင်သည်။ 

စာသင်ကျောင်းများနှင့် HwF ဝန်ထမ်းများအပေါ် အစီရင်ခံတင်ပြချက်အတွက် လိုက်နာ စောင့်ထိန်းရမည့်ကျင့်ဝတ်များပြဌာန်ချက်အရ - မသင်္ကာသူအား စုံစမ်း စစ်ဆေးခြင်း၊ နှင့် သက်သေများရည်ညွှန်းခြင်း(သို့) ကလေးအားအလွဲသုံးစားသည်ဟု စွပ်စွဲခံရခြင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း နှင့် (သို့) ကလေးကာကွယ် စောင့်ရှောက်ရေးမူဝါဒ အားချိုးဖောက်မှုကျူးလွန်ခြင်းများကို အာဏာပိုင်များ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ထံသို့ တင်ပြရန်ဖြစ်သည်။ HwF သည် ခိုင်လုံသောသက်သေအထောက်အထားများ စုဆောင်းရရှိသည်နှင့်တစ်ပြိုင်တည်း ကြမ်းတမ်းသောလက်မခံနိုင်သောအပြုအမူ၏ အကျိုးဆက်များ သေချာစွာအတင်းအကြပ်ပြုလုပ်ရန်အတွက် ကလေးနှိပ်စက်ညှဉ်းပန်း မှုကျူးလွန်သည့် သက်ဆိုင်သူ နှင့် ကလေးအားအလွဲသုံးစားသည့် ဝန်ထမ်းအား အပြန် အလှန်ဆွေးနွေးခြင်းမှတဆင့် ချက်ချင်းစုံစမ်းစစ်ဆေးမှုများကို တာဝန်ယူဆောင်ရွက် ပေးမည်။

ထိုင်းနိုင်ငံ HwF အဖွဲ့အစည်းသည် UNICEF  နှင့် Save the Children Thailand အဖွဲ့အစည်းများနှင့်လက်တွဲပူးပေါင်းဆောင်ရွက်ရာတွင် အားကောင်းသော လူ့ဘောင်အဖွဲ့အစည်း၏ကွန်ယက်နှင့် ကလေးများ၏အကောင်းဆုံးအကျိုးကျေးဇူးများ အတွက် ဝန်ဆောင်မှုများဖန်တီးပေးသည်။ အဖွဲ့အစည်းမှခေါ်ယူဖြည့်စွက်ထားသော အဖွဲ့သားအသစ်များအားလုံးစသည့် အလုပ်သင်ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ စာသင်ကျောင်းများမှ ကျောင်းဆရာများ နှင့် ဝန်ထမ်းများအားလုံးလည်း ကလေးများ ကာကွယ်စောင့်ရှောက်ရေး အခန်းကဏ္ဍများကို နားလည်သဘောပေါက်ရန်၊ အကောင် အထည်ဖော်ထုတ်ရန် နှင့် ကလေးများကာကွယ်စောင့်ရှောက်ရေးမူဝါဒများကို စောင့်ကြည့်လေ့လာရန်အတွက် သင်တန်းများလက်ခံရရှိကြသည်။ ၂၀၁၃နှစ်မှစ၍ လူကြီးနှင့်ကလေး ၈၀၀ နီးပါး၊ ကျောင်းဆရာ/မ နှင့် အုပ်ထိန်းသူ ၁၆၀ဦး၊  အစိုးရ အဖွဲ့အစည်းပေါင်း ၃၀၀၊ NGOs နှင့် CBOs အဖွဲ့များသည် ကလေးကာကွယ် စောင့် ရှောက်ရေးအပေါ် အသိပညာမြှင့်တင်ရေး နှင့် သင်တန်းများလက်ခံရရှိကြသည်။