ကျွန်ုပ်တို့၏အကြောင်း
နယ်စည်းမခြားကူညီစောင့်ရှောက်ရေးအဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ အကူအညီမဲ့ပြီး အရေးပေါ်အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေရသော အိုးမဲ့အိမ်မဲ့နှင့် အခြေတကျမရှိသူများ အထူးသဖြင့် ကလေးနှင့်လူငယ်များကို ပိုမိုကောင်မွန်ပြီး တောက်ပသောအနာဂတ်များပိုင်ဆိုင်နိုင်ရေးအတွက် ကျွန်ုပ်တို့အခွင့်အလမ်းများပေး သည်။
နယ်စည်းမခြားကူညီစောင့်ရှောက်ရေးအဖွဲ့ အစည်းတွင် ကျွန်ုပ်တို့ အာရုံစိုက် လုပ်ဆောင်သော အဓိက လုပ်ငန်းကဏ္ဍ (၅)မှာ - ပညာရေး၊ လူငယ်ရေးရာ၊ ကျန်းမာရေး၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ နှင့် ကလေးများကာကွယ်စောင့်ရှောက်ရေး များဖြစ်သည်။
အမြော်အမြင်
အပယ်ခံဘဝရင်ဆိုင်နေရသူများအားလုံးကို ခွဲခြားဆက်ဆံခြင်း၊ ချန်လှပ်ထားခြင်း၊ နယ်စည်းခြားခြင်း များမရှိပဲ အများစု အားအင်နွဲ့ပြီးအပယ်ခံဘဝရင်ဆိုင်နေရသူများ အားလုံးကို ကူညီပံ့ပိုးနိုင်သော ကမ္ဘာတစ်ခုတည်ဆောက်ရန်ဖြစ်သည်။
တာဝန်ပေးအပ်မှု
နယ်စည်းမခြားကူညီစောင့်ရှောက်ရေးအဖွဲ့၏ရည်ရွယ်ချက်များသည် အပယ်ခံ ဘ၀ ရင်ဆိုင်နေကြရသော ရွှေ့ပြောင်းမြန်မာပြည်အလုပ်သမားများ နှင့် ဒုက္ခသည်များ၏ ဆင်းရဲဒုက္ခမှု နှင့် ခွဲခြားဆက်ဆံခြင်းခံရမှုပြဿနာများ၏ အရင်းအမြှစ်ကို တိုက်ဖျက်ရန်ဖြစ်ပြီး နယ်စပ်တစ်လျှောက်ရှိ အဓိကလိုအပ်ချက် ရှိသူများအတွက် ဘက်လိုက်ခြင်းမရှိပဲ အကူအညီများသေချာစွာပေးဝေနိုင်ရန် အတွက်ဖြစ်သည်။
နယ်စည်းမခြားကူညီစောင့်ရှောက်ရေးအဖွဲ့အစည်းသည် ၂၀၀၂ခုနှစ် စတင် ဖွဲ့စည်း တည်ထောင်လာသည့်အချိန်မှစ၍ ယခုချိန်ထိ ရရှိသည့် အဓိက အောင်မြင်မှုများသည် အောက်ပါအတိုင်းဖြစ်သည်။




