Ray of Hope စာသင်ကျောင်းများ

ကောင်းမွန်သောပညာရေးစနစ်တစ်ခုသည် ပိုမိုကောင်းမွန်သောအနာဂါတ်အတွက်အခွင့် အရေးပေးသည်။ ရွှေ့ပြောင်းမိသားစုများနေထိုင်ရန်ဖိအားပေးခံရသော  ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် မသေချာမရေရာသော စီးပွားရေးနှင့်ဥပဒေအခြေအနေများ သည် ကလေးများ၏ပညာသင်ကြားခွင့်များကိုထိခိုက်နိုင်ဖွယ်ရှိပြီး နောက်ဆုံးသူတို့၏ အနာဂါတ်အခွင့်အရေးများပင်အန္တရာယ်ဖြစ်စေသည်။ 

နယ်စည်းမခြားကူညီစောင့်ရှောက်ရေးအဖွဲ့(HwF)သည် ကလေးများအားလုံးအတွက် ကျားမမရွေး၊ ဘာသာမရွေး၊ လူမျိုးမရွေးဘဲ ပညာရေးအရည်အသွေးမြှင့်တင်ပေး ရန်ကတိသစ္စပြုထားသည်။ နယ်စည်းမခြားကူညီစောင့်ရှောက်ရေးအဖွဲ့သည် ၂၀၀၂နှစ် မှစပြီး ကျောင်းသူကျောင်းသားပေါင်း ၅၁,၃၀၀ ဦးကို Ray of Hope  စာသင်ကျောင်း (ရွှေ့ပြောင်းစာသင်ကျောင်း)များတွင် ကျောင်းထားပေးသည်။ ရွှေ့ပြောင်းစာသင် ကျောင်းများသည် ကလေးများ၏ပညာသင်ကြားခွင့်မြှင့်တင်ရေးနှင့် ကလေးများအတွက် မျှော်လင့်ချက်နှင့်အခွင့်အရေးများပေးရန် လုပ်ငန်းများကြီးကြပ်လျှက်ရှိသည်။ ပညာ သင်နှစ် ၂၀၁၈ - ၂၀၁၉နှစ်အတွက် ထိုင်းနိုင်ငံအခြေစိုက် HwF အဖွဲ့သည် ထိုင်းနိုင်ငံ မဲဆောက်၊ ဖိုးဖရတ်၊ နှင့် မဲရမတ်ဧရိယာများမှ ရွှေ့ပြောင်းစာသင်ကျောင်း ၁၄ ကျောင်း၊ နှင့် ဘော်ဒါဆောင် ၄လုံး မှ ကျောင်းသူကျောင်းသားအယောက် ၃၀၀၀ ကျော်အား ဒါရိုက် အကူအညီများပံ့ပိုးပေးလျှက်ရှိသည်။ ထိုင်းနိုင်ငံ HwF အဖွဲ့သည် ကျောင်းဆရာ/မများ ၏ လစာများကူညီပံ့ပိုးပေးခြင်း၊ စာသင်ကျောင်းများ၏ပြုပြင်ထိန်းသိမ်းရေးအတွက် ကုန်ကျစရိတ်များကိုထောက်ပံ့ခြင်း၊ နှင့် အခြားအသုံးစရိတ်များစသည့် သောက်ရေ၊ လျှက်စစ်မီး မီတာခ၊ နှင့် စာရေးကိရိယာ နှင့် သင်ကြားပို့ချမှုအထောက် အကူပြုပစ္စည်း ကိရိယာများ ကိုဖြန့်ဝေပေးသည်။ ၂၀၀၈ - ၂၀၁၇နှစ်အထိ ကျွန်ုပ်တို့ စီမံခန့်ခွဲသော Happy Tailor ၏ဝန်ထမ်းဟောင်း နှင့် စက်ချုပ်သင်တန်းသည် ကလေးများအတွက် ကျောင်းဝတ်စုံများနှင့်ကျောပိုးအိတ်များအတွက်ကူညီပံ့ပိုးပေးသည်။ 

ကလေးသူငယ်များ၊ မိဘများ၊ နှင့် ကျောင်းဆရာများ၏စွမ်းရည်မြှင့်တင်ပေးရန်အတွက် ထိုင်းနိုင်ငံ HwF သည် ရွှေ့ပြောင်းလူထုအသိုင်းအဝိုင်းများအကြား ပညာရေး၏အရေးပါမှု အပေါ် အသိပညာ နှင့် သင်တန်းများပေးလျှက်ရှိသည်။ ထို့ပြင် Ray of Hope စာသင် ကျောင်းတော်တော်များများသည် ဝင်ငွေရှာဖွေရေးသင်တန်းရရှိခြင်းနှင့် ထောက်ပံ့သော မျိုးစေ့များ စိုက်ပျိုးရေးနှင့်မွေးမြူရေးများထူထောင်ပြီးနောက် စွမ်းရည်များတည်ထောင် လာနိုင်ခဲ့ကြသည်။ စာသင်ကျောင်းများသည် ငွေကြေးထောက်ပံ့ရေးစီမံခန့်ခွဲရေးအတွက် လိုအပ်ချက်များပွင့်လင်းမြင်သာမှုရှိရန်အတွက် စည်းကမ်းကြပ်မတ်ချက်များကိုလေးစား လိုက်နာရန်လိုသောကြောင့် ပြဿနာများညှိနှိုင်းဆွေးနွေးရန်၊ ကျောင်းတစ် ကျောင်းစီ၏ လုပ်ငန်းဆောင်ရွက်ချက်များစစ်ဆေးရန်၊ သင်ရိုးညွှန်းတမ်းညှိရန်၊ ဘဏ္ဍာငွေကြေးစီမံ ခန့်ခွဲရေးသင်တန်းများရရှိရန်၊ နှင့် နှစ်ချုပ်ဘဏ္ဍာရေးအစီရင်ခံစာ များတင်သွင်းရန် အတွက် လစဉ်အစည်းအဝေးပွဲများပြုလုပ်သည်။ 

ကျောင်းသူကျောင်းသား နှင့် ကျောင်းဆရာ/မများအားလုံးနီးပါးသည် မြန်မာပြည်သား များဖြစ်သည့်အလျောက် ရွှေ့ပြောင်းစာသင်ကျောင်းအားလုံးသည် မြန်မာပြည်၏ သင်ရိုး ညွှန်းတမ်းနှင့် မြန်မာနိုင်ငံပညာရေးဝန်ကြီးမှ ရွှေ့ပြောင်းကလေး များ၏ပညာရေးကို သေချာစွာ တရားဝင်အသိအမှတ်ပြုနိုင်ရေးအတွက် ထိုင်းနိုင်ငံ HwF မှ အကောင် အထည်ဖော်ပေးသော တရားဝင်အသိအမှတ်ပြုသည့် တွဲဖက်ပညာရေးအစီအစဉ်များကို အသုံးပြုကြသည်။ စင်စစ်အားဖြင့် HwF သည် မြန်မာပြည် အစိုးရစစ်စာမေးပွဲအတွက် ညှိနှိုင်းစစ်ဆေးခြင်း နှင့် ကျောင်းသူကျောင်းသားများအတွက် အချိန် (၂)နှစ်ကာလနှင့် ညီမျှသော တရားဝင်ပညာရေးစနစ်တွင် နှစ်တိုင်းပြီးမြောက်ရန်အတွက် စာသင်ခန်းတွင် တစ်ပတ်လျှင် အချိန်ပို ၁၀နာရီဖြင့် ပြင်ပညာရေးအစီအစဉ်များလေ့လာသင်ယူရန် စီစဉ် ဆောင်ရွက်ပေးသည်။ 

နယ်စည်းမခြားကူညီစောင့်ရှောက်ရေးအဖွဲ့သည် ထိုင်းနိုင်ငံပညာရေးဝန်ကြီး၊ ရွှေ့ပြောင်း အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း၊ ထိုင်းနိုင်ငံကလေးများကူညီစောင့်ရှောက်ရေးအဖွဲ့ များနှင့်အတူ လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရာတွင် ကျောင်းပြင်ပကလေးများကို ရွှေ့ပြောင်းကျောင်းများတွင် ကျောင်းအပ်ပေးခြင်း နှင့် အားနည်းပြီးဘေးပယ်ခံရသော ရိုဟင်ဂျာနှင့်မွတ်စလင်အသိုင်းအဝိုင်းများမှကလေးများကို အထူးဦးစားပေးမှုနဲ့အတူ ထိုင်းအစိုးရစာသင်ကျောင်းများတွင် ကျောင်းအပ်ပေးသည်။