လူငယ့်ရောင်ခြည်

မြန်မာပြည်တွင် စီးပွားရေးနှင့်နိုင်ငံရေး၏အခြေအနေများမတည်ငြိမ်မှုကြောင့် လူငယ်များစွာ မြန်မာပြည်ကို စွန့်ခွါလာကြသည်။ ရွှေ့ပြောင်းမြန်မာပြည်သားများသည် ၎င်းတို့၏ထိုင်းနိုင်ငံသို့ထွက်ခွါလာခဲ့သည့် ခရီးစဉ်အတွင်း အတင်းအဓမ္မခိုင်းစေမှု၊ လူကုန်ကူးမှု၊ လိင်ပိုင်းဆိုင်ရာချိုးဖောက်ခံရမှု နှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများ ရင်ဆိုင် ဖြတ်သန်းကြရသည်။ ၎င်းတို့၏အားနည်းချက်သည် ပညာတတ်မြောက်မှုအားနည်းခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ နှင့် ကျန်းမာရေးအားနည်းခြင်း အခြေအနေများကြောင့် ပိုမိုဆိုးရွား သည်။

အထူးသဖြင့် ကလေးနှင့်လူငယ်လူရွယ်များသည် ၎င်းတို့၏အားနည်းချက်အကျိုးဆက် များကိုခံနေရပြီး ၎င်းတို့၏ဘ၀အတတ်ပညာကျွမ်းကျင်မှု၊ ဗဟုသုတ နှင့် အခွင့်အလမ်း များအားနည်းမှုကြောင့် ပိုပြီးလမ်းအန္တရာယ်များနှင့်ရင်ဆိုင်ကြုံတွေ့နေကြရသည်။ ၎င်းတို့၏အားလပ်သောအချိန်များအတွက် ပညာသင်ခွင့်မရှိခြင်း၊ ကူညီထောက်ပံ့မှု မရှိခြင်း၊ နှင့် စိတ်ဝင်စားသောလှုပ်ရှားမှုများမရှိခြင်း နှင့် ၎င်းတို့စွန့်စားပြီး ရည်မှန်းချက် နှင့်အနာဂါတ်အခွင့်အလမ်းများဆုံးရှုံးနေကြရသည်။

၂၀၀၉ခုနှစ်တွင် နယ်စည်းမခြားအဖွဲ့သည် Ray of Youth (RoY) လူငယ့်ရောင်ခြည် စီမံကိန်းကို စတင်ပျိုးထောင်ပြီး ကလေးနှင့်လူငယ်များလမ်းဘေး မရောက်စေရန် ၎င်းတို့အား ကလေးအခွင့်အရေး၊ ကလေးကာကွယ်စောင့်ရှောက်ရေး၊ လူကုန်ကူးမှု၊ ဘေးသဘာ၀ဆိုင်ရာပြဿနာများ၊ ကျန်းမာရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး အသိပညာများပေးခြင်း၊ ပိုမိုတောက်ပသော အနာဂါတ်နှင့်အတူ ၎င်းတို့၏စွမ်းရည်များ မြှင့်တင်ပေးသည်။

ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းစာသင်ကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော လူငယ်များသည် RoY ၏ပညာရေးအစီအစဉ်များကို တက်ရောက်ရန် လျှောက်လွှာ တင်နိုင်ပြီး လူငယ်နှင့်ခေါင်းဆောင်မှုအတတ်ပညာသင်တန်း နှင့် ဂီတသင်ရိုးညွှန်းတမ်း များကို ရွေးချယ်တက်ရောက်သင်ယူနိုင်သည်။ (RoY Peer) သက်တူရွယ်တူလူငယ်၏ခေါင်းဆောင်မှုအစီအစဉ်သည် လူငယ် ၂၀ဦး ပါဝင်ပြီး ၎င်းလူငယ်များသည် မိမိကိုယ်ကိုယုံကြည်မှုပိုရှိလာရန် နှင့် ၎င်းတို့၏ကိုယ်တိုင် ပရိတ်သတ်တစ်ဦး နှင့် အသင့်အတင့် လူထုဟောပြောပွဲများအရှေ့တွင် ဘယ်လိုရပ်တည် ရမည်ကို ပထမဆုံးနှစ်တွင်ကိုယ်တိုင်သင်တန်းအဖြင့်လေ့လာသင်ယူခဲ့ကြသည်။ နောက် တစ်နှစ်တွင် အဆိုပါလူငယ်များသည် ၎င်းတို့သင်ယူလေ့လာရရှိခဲ့သည့် အတတ်ပညာများ ကို ရွှေ့ပြောင်းစာသင်ကျောင်းများမှ ၎င်းတို့နဲ့သက်တူရွယ်တူသူများ နှင့် ၎င်းတို့၏ ကိုယ်ပိုင်အသိုင်းအဝိုင်းများတွင် လက်ဆင့်ကမ်းပြန်လည်မျှဝေပေးနိုင်သောကြောင့် လူမှု ပေါင်းသင်းဆက်ဆံရေးတိုးတက်ပြောင်းလဲလာရေးအတွက် ခေါင်းဆောင်များ ဖြစ်လာ ကြသည်။ ထို့အပြင် ဂီတသင်ရိုးညွှန်းတမ်းအစီအစဉ်တွင်လည်း ဂီတဖွဲ့စည်းမှု အပေါ် သင်တန်းများရရှိပြီး ဂီတတူရိယာများစသည့် ကီးဘုတ်၊ ဂီတာ၊ ဘေ့စ်ဂစ်တာ နှင့် ဒရမ်များလေ့လာသင်ယူရန် အခြား လူငယ် ၂၀ ဦးလည်းပါ၀င်သည်။ လူငယ်များ ၏စိတ်အားထက်သန်မှု နှင့် စီမံကိန်းတွင်စိတ်ပါဝင်စားခြင်းသည် ဒေသခံလူထုများ အတွက် လူမှုရေးပြဿနာများစသည့် လူကုန်ကူးမှု၊ အတင်းအဓမ္မခိုင်းစေမှု၊ ကလေး အလုပ်သမား၊ ကလေးအခွင့်အရေးချိုးဖောက်မှု၊ လိင်ပိုင်းဆိုင်ရာချိုးဖောက်မှု၊ နှင့် မူးယစ်ဆေးဝါးသုံးစွဲမှုပြဿနာများအပေါ် အသိပညာပေးမှုများမြှင့်တင်ရာတွင် ဂီတနှင့်ပြဇာတ်များပေါင်းစပ်ဖန်တီး၍ ၎င်းတို့ ကျင်းပသည့် နယ်လှည့်ဖျော်ဖြေရေးပွဲ များတွင် အတုယူရန်စံနမူနာထားထိုက်သူများအဖြစ် ၎င်းတို့သရုပ်ဆောင်ပြပေးသည်။ RoY လူငယ်များအသင်းသည် ၎င်းတို့၏ ဗဟုသုတ နှင့် ဖန်တီးနိုင်စွမ်းများတိုးချဲ့ရန် အတွက် မီဒီယာ အလုပ်ရုံဆွေးနွေးပွဲများ နှင့် သင်တန်းများတွင် အမြဲတမ်းပါဝင် တက်ရောက်သည်။

Ray of Youth လူငယ်အဖွဲ့သည် ၂၀၁၄နှစ်မှစ၍ မြန်မာနိုင်ငံတွင် အသိပညာမြှင့် တင်ရေးလှုပ်ရှားမှုများကျင်းပရန်အတွက် ကရင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်များတွင် နယ်ကြားဖြတ်စီမံကိန်းများစတင်ဆောင်ရွက်လာခဲ့သည်။ ကရင်ပြည်နယ် နှင့် ရခိုင် ပြည်နယ်များမှ ပဏာမ သွားရောက်လည်ပတ်ခဲ့သည့် ပစ်မှတ်ကျေးရွာများတွင် လူထု ခေါင်းဆောင်များ၊ ကျောင်းဆရာ/မများ၊ နိုင်ငံရေးကိုယ်စားလှယ်များ နှင့် ကွန်ယက် တစ်ခုတည်ဆောက်ရန်အတွက် အသိပညာပေးပွဲများကျင်းပခဲ့ကြသည်။ ထို့အပြင် ကျေးရွာများ၏ တိကျသောလိုအပ်ချက်နှင့်ပြဿနာများကိုခွဲခြားနိုင်ရန်အတွက် လိုအပ်ချက်များ၏အကဲဖြတ်မှုများပြုလုပ်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲများ အံဝင်ခွင်ကျစီမံ နိုင်ရန်အတွက် လူငယ်များ၏လိုအပ်ချက်များကို အသိပေးအကြောင်းကြားခြင်း၊ လူထု ရပ်ကွက်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ တည်ဆောက်ခြင်း နှင့် လှုပ်ရှားမှုပွဲများမြှင့်တင် ပေးလျှက်ရှိသည်။ စီမံကိန်းနှင့်ပတ်သက်သည့် ရေရှည်ဦးတည်ချက်သည် လူထုခေါင်း ဆောင်များ၊ ပုဂ္ဂလိဂအဖွဲ့အစည်းများ နှင့် လူထုအခြေပြုအဖွဲ့အစည်းများ၏ကွန်ယက်များ ကိုမြန်မာပြည်အနှံ့တိုးချဲ့ရန်ဖြစ်သည်။ ဒီကနေ့တွင် နယ်ကြားဖြတ်စီမံကိန်းသည် မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ်များတွင်လည်း တိုးချဲ့လုပ်ဆောင်လာပြီဖြစ်သည်။

ROY Project Thailand

ROY Cross Border Project Myanmar

You Tube