လူငယ့်စွမ်းရည်မြှင့်တင်ရေး

လူငယ်များဟာ လူထုအတွင်းပြုပြင်ပြောင်းလဲခြင်း၊ မနက်ဖန်အတွက်တောက်ပ သောမျှော်လင့်ခြင်း နဲ့ ပို၍ညီမျှသောအနာဂတ်တို့တွက်အဓိကကျတဲ့သော့ချက် များဖြစ်ပါတယ်။ ကျွန်ုပ်တို့ယုံကြည်ချက်သည် ဤအဓိကကျသောအခန်းကဏ္ဍကို လူမှုရေးပြဿနာများဖြစ် သော လူကုန်ကူးမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ ကလေး အလုပ်သမား၊ ကလေးအ ခွင့်အရေးအလွဲသုံးစားမှု၊ လိင်ပိုင်းဆိုင်ရာအမြတ် ထုတ်မှု နှင့် မူးယစ်ဆေးဝါး အလွဲသုံးစားမှု စသည်တို့ကို ရွှေ့ပြောင်းလူငယ်များ အားအသိပညာပေး နိုင်ရေးအတွက် “လူငယ့်ရောင်ခြည်” အဖွဲ့ကိုတည်ထောင်ခဲ့သည်။ နှစ်စဉ်လူငယ့်ခေါင်းဆောင် အယောက် ၄၀ ကို ဤကဲ့သို့သောခေါင်းစဉ် များဖြင့်သင်တန်း ပို့ချပေးပြီး အသိပညာများကိုလူငယ်များအကြားပြန်လည်ဝေ ငှစေခြင်း၊ သက်ဆိုင်ရာ လူထုများအကြား စံပြအဖြစ်ရပ်တည်ပြခြင်း နှင့် လူငယ်များပါဝင်သောလူမှုဖွံ့ဖြိုးရေး အတွက်ရည်ရွယ်ထားသည်။