စေတနာ့ဝန်ထမ်း

ကျွန်ုပ်တို့၏စီမံကိန်းတစ်ခုခုနှင့်အတူ သင့်ရဲ့အချိန်၊ အတတ်ပညာများ နှင့် ပင်ကိုယ်စွမ်းရည်များကိုစေတနာ့ဝန်ထမ်းအဖြင့်ကူညီရန် လှိုက်လှဲစွာကြိုဆိုသည်။

ကျွန်ုပ်တို့နဲ့အတူအလုပ်လုပ်ရန် စေတနာ့ဝန်ထမ်းကိုအမြဲတမ်းရှာဖွေနေသည်။ ကျွန်ုပ်တို့လုပ်ဆောင်သောလုပ်ငန်းသည် ထူးခြားသောအခန်းကဏ္ဍများနှင့်အတူ အလွန်ကြဲပြားခြားမှုရှိသည်။ 

သင်သည် ပြည်ပရပ်ခြားမှနေ၍ ကျွန်ုပ်တို့အားကူညီထောက်ပံ့လိုသော်လည်းကောင်း၊  (သို့) ထိုင်းနိုင်ငံသို့လာရောက်ပြီး ကျွန်ုပ်တို့၏စီမံကိန်းများတွင် ပါဝင်ပတ်သက်လိုသော် လည်းကောင်း၊ သင်နှစ်သက်ရာတစ်ခုကို ရွေးချယ်ပြီးကူညီထောက်ပံ့နိုင်သည်။

ထိုင်းနိုင်ငံမှ စေတနာ့ဝန်ထမ်းများသည် နေရေးထိုင်ရေး၊ သွားရေးလာရေး နှင့် အခြားကုန်ကျစရိတ်များကို ကျွန်ုပ်တို့အနေဖြင့် ထောက်ပံ့နိုင်စွမ်းမရှိသောကြောင့် ၎င်းတို့ကိုယ်တိုင်စီစဉ်ဆောင်ရွက်ရန်လိုအပ်သည်။ ဒီနယ်စပ်ဧရိယာများသို့ စေတနာ့၀န်ထမ်းလုပ်ခြင်းသည် ခက်ခဲသောအလုပ်အဖြစ်သဘောသက်ရောက်ပြီး ခက်ခဲသောအခြေအနေများနှင့်ရင်ဆိုင်ကြုံတွေ့နေရမည်။ သို့သော် ၎င်းသည် သင့်ရဲ့ပင်ကိုယ်အရည်အသွေးများတိုးတက်ကောင်းမွန်လာအောင်ပြုလုပ်ရန် နှင့် ဘဝသန့်စင်သောအချိန်လေးများကိုဖြတ်သန်းရန်အတွက် အထူးအခွင့်အရေးတစ်ခု အဖြစ်လည်းဆိုနိုင်သည်။

ကျွန်ုပ်တို့နဲ့အတူ စေတနာ့ဝန်ထမ်းတစ်ဦး၏အခွင့်အရေးများနှင့်ပတ်သက်ပြီး ပိုမိုသိလိုပါသလား? အကယ်၍များ သိလိုလျှင်  ကျွန်ုပ်တို့ထံသို့ သင့်ရဲ့ CV နဲ့ Cover letter များကို ပို့ပေးပြီး သင့်ရဲ့စိတ်ဝင်စားမှုများနှင့်ကိုက်ညီမည့် ကျွန်ုပ်တို့၏ လိုအပ်ချက်များနှင့်စီမံကိန်းများကိုအကောင်းဆောင်ရွက်ပေးမည်။

မင်္ဂလာပါရှင်..ကျွန်မရဲ့နာမည်က ကေတီလူးဝပ်(စ်) လို့ခေါ်ပါတယ်။ ကျွန်မ၏အသက်က ၂၈နှစ် ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု၏ Chicago, Illinois တွင် နေထိုင်သည်။ ကျွန်မသည် အမေရိကန် ပြည်ထောင်စုနိုင်ငံတွင် သတ္တမတန်း နှင့် အဌမတန်း အတွက် အင်္ဂလိပ်ဘာသာရပ် နှင့် သင်္ချာဘာသာရပ် နည်းပြဆရာမတစ်ဉီးဖြစ်သည်။ ကျွန်မသည် ထိုင်းနိုင်ငံတွင် စေတနာ၀န်ထမ်းအဖြစ် စာပို့ချရန်ဆန္ဒရှိသည်၊ အဘယ်ကြောင့်ဆိုသော် လက်ရှိ အမေရိကားပြည်ထောင်စုနိုင်ငံ တွင် လာရောက်အခြေချနေထိုင်သည့် ကျွန်မကိုယ်တိုင် စာသင်ပေးသည့် ကျွန်မ၏ ကျောင်းသူကျောင်းသားများသည် မြန်မာပြည်မှ ဒုက္ခသည်များဖြစ်ကြသည်။ ကျွန်မ၏မြန်မာပြည်သားကျောင်းသူကျောင်းသားများနဲ့အတူလုပ်ငန်းဆောင်ရွက်ရာတွင် ကျွန်မအလွန်နှစ်သက်ပြီး အမေရိကန်ပြည်ထောင်စုနိုင်ငံသို့လာရောက်အခြေမချမီ ထိုင်းနိုင်ငံအတွင်း သူတို့နေထိုင်လာခဲ့ရသည့် ဘ၀ဘယ်လိုအခြေအနေမျိုးနဲ့တူသည်ကို သိရှိနားလည်ချင်သည်။

ကျွန်မသည် Ray of Youth လူငယ်အဖွဲ့အစည်းနှင့် များသောအားဖြင့်အတူရှိနေပြီး လူကုန်ကူးမှုအသိပညာပေးလုပ်ငန်းများတွင် အလုပ် လုပ်သလို ကိုယ်ခန္ဓာသန့်ရှင်းရေး အသိပညာပေးရေးအလုပ်ရုံဆွေးနွေးပွဲများ - ကျောင်းသူကျောင်းသားများအား ရောဂါ၊ ဆေးဝါး၊ လက်များဆေးကြောနည်း၊ နှင့် သွားတိုက်နည်းဆိုင်ရာများကို အသိပညာပေးလျှက်ရှိသည်။

နယ်စည်းမခြားကူညီစောင့်ရှောက်ရေးအဖွဲ့အစည်း၏အဖွဲ့သားများနှင့်အတူအလုပ်လုပ်ရာတွင်အလွန်ဂုဏ်ယူစရာကောင်းပြီး ကျွန်မ၏အလွန်ဝမ်းနည်းရဆုံးဖြစ်သောအရာတစ်ခုသည် ဒီမှာအလုပ်လုပ်တာ အခု ကျွန်မရဲ့နောက်ဆုံးအချိန်ရောက်ရှိပြီဖြစ်ပြီး ဒီကလူတွေနဲ့အတူလုပ်ဆောင်ချက်များသည် ကျွန်မအတွက် မေ့မရတဲ့ ဖြတ်သန်းမှုအတွေ့အကြုံတစ်ခုပြီး များစွာသတိရနေမည်။