လူတိုင်းအားလုံးအတွက်ပညာရေး

နယ်စည်းမခြားအဖွဲ့အစည်း၏ရည်ရွယ်ချက်သည် လူတိုင်းအားလုံးအတွက် ပညာရေး အရည်အသွေးမြင့်တင်နိုင်ရေးဖြစ်ပြီး ထိုင်း-မြန်မာ ပညာရေးဝန်ကြီးဌာနများနှင့် အတူပူးပေါင်းလုပ်ဆောင်ကာ ရွှေ့ပြောင်းကလေးများ၏ပညာရေးကို  တရားဝင်အသိ အမှတ်ပြုပေးနိုင်သော တစ်သက်တာပညာရေးအစီအစဉ်များနှင့်ချိတ်ဆက်ပေးသည်။

ပညာရေးအတွက်အဓိကကျသောအခြားအကြောင်းအရာသည် "ကျောင်းပြင်ပ ကလေးများ"နှင့် ကျောင်းထွက်သွားသောကလေးများအတွက်ဖြစ်ပြီး၊ ပညာရေး အရေးပါပုံကို လူထုအသိပညာပေးလှုပ်ရှားမှုများအားဖြင့် ကလေးငယ်များကျောင်း တွင်းသို့ပြန်ရောက်လာစေရန်အားပေးကူညီခဲ့သည်။
ဆရာဖြစ်သင်တန်းများ၊ စွမ်းရည်မြင့်အလုပ်ရုံဆွေးနွေးပွဲများနှင့် စီမံခန့်ခွဲရေးသင် တန်းများ အစရှိသော ပညာရေးအရည်အသွေးကိုမြင့်တင်နိုင်မည့်သင်တန်းများကို လည်းကူညီထောက်ပံ့ပေးနိုင်ခဲ့သည်။