ကျောင်းဆရာများကူညီထောက်ပံ့ခြင်း

ထိုင်းနိုင်ငံတွင် သင်ကြားပို့ချခြင်းသည် ရွှေ့ပြောင်းအလုပ်သမားများ၏စွမ်းဆောင်နိုင်သော အလုပ်များစာရင်းတွင် ပါဝင်ခြင်းမရှိပါ။ ရွှေ့ပြောင်းကျောင်းဆရာများသည် အလုပ်သမား လက်မှတ်တစ်ခုရရှိရန်ဆန္ဒရှိပြီး ထိုင်းနိုင်ငံသားတစ်ဦးကိုငှားရမ်းရမည်ဖြစ်ခြင်း နှင့် အထွေထွေလုပ်ငန်းအလုပ်သမားများအဖြစ် မှတ်ပုံတင်ရမည်။ ထိုင်းနိုင်ငံ မဲဆောက်မြို့အတွင်း နှင့် မြို့အနီးအနားပတ်၀န်းကျင်ရှိ ထိုင်းလူမျိုးအသိုင်းအဝိုင်း နှင့် ရွှေ့ပြောင်းအလုပ်သမားအသိုင်း အဝိုင်းများကြား ဘာသာစကား နှင့် ယဉ်ကျေးမှုများအဟန့်အတားများအမြဲတမ်းရှိသောကြောင့် ရွှေ့ပြောင်းကျောင်းဆရာများအတွက် စာရွက်စာတမ်းများရရှိရန် နှင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် အတွက် အလွန်ဖြစ်နိုင်ခြေမရှိဖြစ်သည်။ လေ့လာတွေ့ရှိချက်အရ ဘာတရား၀င်လက်မှတ်တစ်ခုမှ ကိုင်ဆောင်ခြင်းမရှိသော ကျောင်းဆရာ/မ များစွာရှိပြီး ၎င်းတို့၏အခြေအနေသည် မရေမရာ ဖြစ်နေသည်။ 

ဇွန်လိုင်လ၊ ၂၀၁၇နှစ်တွင် ထိုင်းအစိုးရသည် စီးပွားရေး နှင့် တရားမဝင်ပြောင်းရွှေ့နေထိုင်သူများကို ပြစ်မှုဆိုင်ရာအရေးယူဆောင်ရွက်မှုမြှင့်တင်ရန် သိသာထင်ရှားစွာဖြစ်ပေါ်လာပြီး တစ်နေရာမှာ တစ်နေရာသို့ပြောင်းရွှေ့နေထိုင်ခြင်းဆိုင်ရာပေါ်လစီအသစ်တစ်ခုထုတ်ပြန်ထားပြီဖြစ်သည်။ နယ်စည်းမခြားကူညီထောက်ပံ့ရေးအဖွဲ့သည် ထိုကတည်းကပင် ရွှေ့ပြောင်းစာသင်ကျောင်းများမှ ကျောင်းဆရာ/မ များအားလုံး ထိုင်းနိုင်ငံတွင် တရား၀င်အလုပ်လုပ်နိုင်ရန်အတွက် အဖွဲ့အစည်း ၏အလုပ်သမားတစ်ဦးအဖြစ် နာမည်ခံပြီး အလုပ်သမားလက်မှတ်ရရှိရန်အတွက် သေချာစွာ ဆောင်ရွက်ပေးသည်။  

ထိုအချိန်မှစ၍ယခုအချိန်ထိ ကျောင်းဆရာ/မ ၁၅၂ ဦးသည် ကလေးများအားလုံးအတွက် ကာကွယ်စောင့်ရှောက်မှု၊ စောင့်ရှောက်မှု နှင့် ပညာရေးရရှိရန် စာသင်ကျောင်းများသည် လုံခြုံစိတ်ချသောနေရာများဖြစ်ရန်အတွက် နေ့စဉ်နေ့တိုင်း မမောနိုင်မပန်းနိုင်ပဲသေချာစွာ ဆောင်ရွက်ပေးသည်။ 

ကျောင်းဆရာ/မများ နှင့် ကျောင်းအုပ်ဆရာများသည် ကျောင်းသူကျောင်းသားများ၏မိဘများနဲ့၎င်းတို့၏ရပ်ကွက်အသိုင်းအဝိုင်းများကို ခိုင်မာသောပေါင်းသင်းဆက်ဆံရေးများကို တည်ဆောက်လျှက်ရှိသည်။ ကျောင်းဆရာ/မတော်တော်များသည် ကျောင်းတွင်နေထိုင်ပြီး ၎င်းတို့၏ကလေးများကိုလည်းမကြာခဏကျောင်းထားပေးသည်။ ရွှေ့ပြောင်းစာသင်ကျောင်းများနှင့် လူထုအခြေပြုနေရာများလွယ်ကူစွာချဉ်းကပ်နိုင်ခြင်းသည် ကျောင်းများသည် ကလေးများအတွက် လုံခြုံသောနေရာဖြစ်စေရန် နှင့် နယ်စပ်မှရပ်တည်နေရသောဘဝတွင် ရုန်းကန်လှုပ်ရှားပြီး ၎င်းတို့ရှင်သန်ရပ်တည်ရေးအတွက် ချိန်းခြောက်အန္တရာယ်များနှင့် ရင်ဆိုင်ရသောအခါတွင် ၎င်းတို့၏မိသားစုများကို ကူညီ ထောက်ပံ့နိုင်ရန်ဖြစ်သည်။

တန်ဖိုးထိုက်တန်သော ကျောင်းဆရာ/မများ၏လုပ်ဆောင် ချက်များသည် နှစ်တိုင်းတွင် ကျောင်းသူကျောင်းဦးရေ ၃၀၀၀ ကျော် ကျွန်ုပ်တို့၏ မျှော်လင့်ချက် ရောင်ခြည်ကျောင်းများ (Ray of Hope schools) တွင် ၎င်းတို့၏ဘဝများကို ပညာရေးမှတစ်ဆင့် အသွင်ကူးပြောင်းရန်ပညာသင်ယူနေကြသည်။ ရွှေ့ပြောင်းကျောင်းဆရာ/မများသည် လစဉ်လုပ်အားခ 200$ နဲ့အတူ ရပ်တည်ပြီး မနက်ဖြန်၏မျိုးဆက်သစ်၊ အနာဂါတ်ပိုမိုထွန်းတောက်မည့်မျိုးဆက်သစ်များကိုမွေးထုတ်ရန်အတွက် အနစ်နာခံပြီး အချိန်များပေးအပ်ကြသည်။ 

"ကလေးတစ်ဦး၊ ကျောင်းဆရာတစ်ဦး၊ စာအုပ်တစ်အုပ်၊ ဖောင်တိန်တစ်ချောင်းသည် ကမ္ဘာကိုပြောင်းလဲနိုင်သည်။"

Malala Yousafzai

ကျွန်မနာမည်က နော်ဒါးဘလယ်ထူး လို့ခေါ်ပြီး မြန်မာပြည်ရဲ့တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှလာသည်။ ကျွန်မသည် မြန်မာပြည်မှာနေခဲ့စဉ် အထက်တန်းကျောင်းပြီးတဲ့ အထိ ပညာသင်ကြားခွင့်ရခဲ့သည်။ ကျောင်းပြီးတဲ့နောက်ပိုင်း ကရင်ပြည်နယ်တွင် စစ်ပွဲတွေကြောင့် ထိုင်းနိုင်ငံ အုန်းဖျံမိုင်းဒုက္ခသည်စခန်းသို့ လာရောက်ခိုလုံခဲ့သည်။ ကျွန်မသည် ဒုက္ခသည်စခန်းတွင် ပညာဆက်လက်သင်ကြားပြီး ကျောင်းဆရာကြိုတင်ပြင်ဆင်မှုသင်တန်းကျောင်း (Teacher Preparation Center - TPC)ကိုတက်ခဲ့သည်။ ကျွန်မသည် ကျောင်းဆရာကြိုတင် ပြင်ဆင်မှုကျောင်းတက်ပြီးနောက် ရွှေ့ပြောင်းစာသင်ကျောင်းနေရာများတွင် ကျောင်းဆရာအဖြစ် အလုပ်စလုပ်သည်။