သင်ယူလေ့လာမှု နဲ့ ပညာရေးကဏ္ဍများသည် အားနွဲ့သောကလေးများအတွက် ၎င်းတို့ဘ၀ ပြုပြင်ပြောင်းလဲရေး၊ ဆင်းရဲဒုက္ခမှု နှင့် ဘေးပယ်ခံရမှုများမှလွတ်မြောက်ရေးအတွက် တစ်ခါတစ်ရံ အခွင့်အရေးတစ်ခုသာဖြစ်သည်။ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ရွှေ့ပြောင်းကလေးငယ်များသည် အလွန်ဆင်းရဲခြင်း၊ တရားမဝင်ခြင်း နှင့် အတည်တစ်ကျနေထိုင်သောအခြေအနေများမရှိသောကြောင့် အစိုးရစာသင်ကျေင်းများတွင်ပညာသင်ကြားခွင့်မရရှိကြပေ။ မြန်မာပြည်သားမိဘများသည် စက်ရုံများ နှင့် လုပ်ငန်းခွင်များတွင် တရားမဝင်သောအလုပ်သမားများအဖြစ် ငှားရမ်းခံရပြီး သူတို့၏လုပ်အားခများနည်းပါး၍စားဝတ်နေရေးအလွန်ဆင်းရဲသည်။ မြန်မာပြည်သားမိသားစုများသည် ဝင်ငွေအလွန်နည်းပါးခြင်းနှင့်အတူရှင်သန်ရပ်တည်နေရပြီး အလုပ်လုပ်တာထက် ၎င်းတို့၏ကလေးများသေချာစွာကျောင်းတက်နိုင်ရေးအတွက် ရုန်းကန်နေရသည်။
Hနယ်စည်းမခြားကူညီထောက်ပံ့ရေးအဖွဲ့သည် ကလေးများအားလုံး ကောင်းမွန်သောပညာအရည် အသွေးများသေချာစွာရရှိရန်အတွက် သူ (သို့) သူမ ၏အားနည်းချက်များနဲ့အတူ ကန့်သတ် ချုပ်ချယ်ထားသော အရာများကိုဖြတ်ကျော်၍ လုပ်ငန်းများဆောင်ရွက်လျှက်ရှိသည်။
ကျွန်ုပ်တို့ ၏ဦးတည်ချက်သည် ဤကလေးများအားလုံးကျောင်းတက်ခွင့်ရရှိရေး နှင့် ပိုမိုတောက်ပသော အနာဂါတ်အတွက် မျှော်လင့်ခြင်းဖြစ်သည်။
ကျွန်မ၏နံမည်သည် အိအိထွေးဖြစ်ပြီး ကျွန်မသည် ထိုင်းနိုင်ငံသို့ ညီအစ်ကိုမောင်နှမ ၁၃ဦး နဲ့အတူတက်လာခဲ့သည်။ ကျွန်မတို့ညီအစ်ကိုမောင်နှမအားလုံးသည် မိဘမဲ့ကလေးများဖြစ်ကြ သည်။ ကျွန်မတို့ဒီမှာရောက်သောအချိန်တွင် ကျွန်မ၏ညီအစ်ကိုမောင်နှမများသည် အမြဲတမ်းငိုနေပြီးကျွန်မကအလွန်ငယ်သေးတော့ ဘာမှနားမလည်သေးပေ။ အာရုံဦးကျောင်းသည် ကျွန်မစတင်ပညာသင်ကြားခဲ့သော ကျွန်မ၏စာသင်ကျောင်း၊ ကျွန်မ၏အရိပ်အာဝါသ၊ ကျွန်မ၏ကိုယ်ပိုင်အိမ်ဖြစ်သည်။ ဒီကနေ့တွင် ကျွန်မသည် ပဉ္စမတန်းတွင် ပညာသင်ကြားနေသည်။ ပညာသင်ကြားခွင့်ရရှိသည့်အတွက် ကျွန်မအလွန်ပျော်ရွှင်သည် အဘယ်ကြောင့်ဆိုသော် ကျွန်မကြီးပြင်းလာသောအခါတွင် ဆရာဝန်တစ်ဦးဖြစ်လာမည်ဖြစ်သည်။