လူထုရပ်ကွက်ဖွံ့ဖြိုးတိုးတက်မှု

လူထုရပ်ကွက်များအတွက် ရေရှည်ဦးတည်ချက်သည် မိမိကိုယ်ပိုင် မိမိရပ်တည်နိုင်ရေး နှင့် လုပ်ငန်းများထူထောင်၍ ၀င်ငွေလုပ်ငန်းများဆောင်ရွက်နိုင်ရေးအပြင် လူထုအခြေပြု သောနေရာများတွင်လည်း သင်တန်းပြုလုပ်နိုင်ခြင်း နှင့် အပယ်ခံလူထုများကို အထောက်အကူပြုစေသည်။ ကျွန်ုပ်တို့သည် ၂၀၀၈ မှ ၂၀၁၇ခုနှစ်အတွင်း ဒုက္ခသည် အမျိုးသမီးများအတွက် ဝင်ငွေရရှိရေး၊ မြန်မာပြည်ဒုက္ခသည်များအတွက် သင့်တော်သော လုပ်ငန်းအခြေအနေများ ဆောင်ရွက်ပေးနိုင်ရေး နှင့် “Ray of Hope” စာသင်ကျောင်း များအတွက် ကျောင်း၀တ်စုံများထုပ်လုပ်နိုင်ရေးအတွက် ရည်ရွယ်ပြီး ရပ်ရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းတစ်ခုအဖြစ် "Happy Tailor" စက်ချုပ်လုပ်ငန်းတစ်ခု တည် ထောင်နိုင်ခဲ့သည်။ ဒီနေ့အချိန်ခါများတွင် "Happy Tailor" စီမံကိန်း၏ ဝန်ထမ်း ဟောင်းသည် ကိုယ်ပိုင်ဆိုင်ဖွင့်ရန်လုံလောက်သော အရည်အချင်းနှင့် ဗဟုသုတ များရှိပြီး နယ်စည်းမခြားကူညီစောင့်ရှောက်ရေးအဖွဲ့အစည်းအတွက် ကျောင်းဆရာ/မ နှင့် ကျောင်းသူကျောင်းသားများအတွက် ကျောင်းဝတ်စုံများ ထုတ်လုပ်ပေးလျှက်ရှိသည်။