ကလေးများကာကွယ်စောင့်ရှောက်ခြင်း

နယ်စည်းမခြားအဖွဲ့သည် ကလေးများအားလုံး၏ ကျန်းမာရေး၊ ဘ၀လုံခြုံမှု၊ တန်းတူ ညီမျှမှု နှင့် ကလေးအခွင့်အရေးများအားလုံးကို ထိမ်းသိန်းမြှင့်တင်ရန်အတွက်  တာ၀န် ထမ်းဆောင်လျှက်ရှိသည်။ ကျွန်ုပ်တို့ကူညီထောက်ပံ့သောစာသင်ကျောင်းများနှင့်စီမံကိန်းလုပ်ငန်းတစ်ခုစီ၏လိုအပ်ချက်များသည် အထူးဂရုစိုက်ရန်လိုအပ်သည်။ နယ်စည်းမခြားအဖွဲ့သည် ၎င်းနဲ့အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်သော စာသင်ကျောင်းများအားလုံးတွင် တိကျသောကလေး ကာကွယ်စောင့်ရှောက်ရေးမူဝါဒ၊ ကျင့်ဝတ်စည်းမျဉ်း၊ ကလေးကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ် နှင့် လုပ်ထုံးလုပ်နည်းများကို အကောင်အထည်ဖော်ဆောင်ပြီး ထိုင်းနိုင်ငံ၊ တပ်(က်)ခရိုင် ၏ကလေးများ ကာကွယ် စောင့်ရှောက်ရေးကွန်ယက် ၏အဖွဲ့၀င်တခု လည်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကလေးများအားလုံးအတွက် ကလေးများ၏အခွင့် အရေးများ ကူညီထောက်ပံ့ရာတွင် ကလေးတစ်ဦးစီ၏ရရှိသင့်သည့်စွမ်းရည်များ အပြည့် အဝရရှိရန် ခိုင်မာသောဆုံးဖြတ်ချက်ချမှတ်ထားသည်။