မြန်မာပြည်တွင် ကျောင်းဝတ်စုံများသည် ထိုင်းနိုင်ငံကဲ့သို့ပင် စည်းကမ်းတင်းကြပ်မှု ချမှတ်ထားသည်။ ကျောင်းဝတ်စုံသည် ရွှေ့ပြောင်းမြန်မာကျောင်းသားများအတွက် အဝတ်အစားများထက်ပိုမို၍ ၎င်းသည် ထင်ရှားသောလက္ခဏာ၊ အကာအကွယ် နှင့် လုံခြုံမှုအတွက် အမှတ်သင်္ကေတတစ်ခုဖြစ်သည်။ ကျောင်းဝတ်စုံဝတ်ဆင်သော ၎င်းရွှေ့ပြောင်းကလေးများသည် နေရာတစ်ခုခုနှင့်သက်ဆိုင်ခြင်းဖြစ်သည်ကိုဖော်ပြခြင်း နှင့် စာသင်ကျောင်းတွင် တစ်စုံတစ်ဦးက သူတို့အားစောင့်မျော်နေသည်။ ကျောင်းဝတ်စုံသည် လူကုန်ကူးသူများ၊ ထိုင်းရဲတပ်ဖွဲ့၏ တရားမဝင်ဖမ်းဆီးမှု၊ နှင့် လမ်းဘေးကလေးများအတွက်ဖြစ်ပေါ်လာနိုင် သောအခြားသော အန္တရာယ်များကို ခုခံကာကွယ်ရန် ဒိုင်းပစ္စည်းလေးတစ်ခုကဲ့သို့ပင်ဖြစ်သည်။
နယ်စည်းမခြားကူညီထောက်ပံ့ရေးအဖွဲ့သည် ပညာသင်နှစ်၏နှစ်တိုင်းတွင် မြန်မာကျောင်းသူ ကျောင်းသား ၃၅၀၀ဦး နီးပါးအတွက် ကျောင်းဝတ်စုံများထောက်ပံ့ပေးပြီး ရွှေ့ပြောင်းကျောင်းများ တွင် လုံခြုံစွာတက်ရောက်ပညာသင်ကြားနိုင်ရန်သေချာစွာဆောင်ရွက် ပေးသည်။
ကျွန်မ၏နာမည်က မူးပိအော့ ဟုခေါ်ပြီး မြန်မာပြည်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မှထိုင်းနိုင်ငံသို့တက်လာခဲ့သည်။ ၂၀၀၈ခုနှစ်တွင် ကျွန်မ၏မိသားစုနဲ့အတူ စစ်ပွဲများကြောင့် ကျွန်မတို့ဘဝမခံနိုင်တော့ဘဲ မြန်မာပြည်ကိုစွန့်ခွာပြီး ထိုင်းနိုင်ငံသို့ထွက်ပြေးတိမ်းရှောင် လာခဲ့ကြသည်။ ကျွန်မသည် ထိုင်းနိုင်ငံရောက်ရှိလာခဲ့တဲ့အချိန်မှစ၍ အခုချိန်ထိ မဲဆောက်မြို့တွင် နေထိုင်လျှက်ရှိသည်။ ဒီကနေ့တွင် ကျွန်မသည် ပါရမီကျောင်း၌ စတ္ထုတန်းတွင် ပညာသင်ကြားနေပါသည်။ ကျွန်မ၏ကျောင်းဝတ်စုံများကို အလွန်နှစ်သက်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကျွန်မကကျောင်းသားတစ်ဦးဖြစ်ကြောင်းကို လူတိုင်းအားလုံး ကိုဖော်ပြပေးသောကြောင့်ဖြစ်သည်။ ကျွန်မ၏ကျောင်းဝတ်စုံကို ကျွန်မအလွန်ဂုဏ်ယူသည်။